Loading details…
Loading details…
ဥပါယ်တံမျဉ်ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား ဇဏ်ခီ တဖြစ်လဲ ဇဏ်။ ၂၀၀၉ -၂၀၁၀ လောက်က ကိုယ်တိုင် ရေး ဆို တီးခတ်မှု နဲ့ ဒီ အယ်လ်ဘမ် ပျောက်ဆုံးနေတဲ့ကမ္ဘာThe Lost World ထွက်ခဲ့ပါတယ်။ သီချင်းကောင်းတွေ ပါဝင်ပေမယ့် လူသိပ်မသိခဲ့ကြပါ။ အဲ့ဒီနောက် ဇဏ်ကို ဇဏ်ခီအမည်နဲ့ ပြန်တွေ့လာရတယ်။ ဇာတ်ကားတချို့ရိုက်ကူးတယ်၊ Madiရဲ့ အယ်လ်ဘမ်အသစ်အတွက် တစ်ခွေလုံးရေးပေးတယ်။ ဇဏ်ဟာ အမေရိကားမှာလည်း သူ့တီးဝိုင်းရှိတယ်၊ ရုပ်ရှင်ပညာကိုလည်း နိုင်ငံခြားမှာ လင်မယားနှစ်ယောက်လုံး သေချာလေ့လာသင်ယူခဲ့ကြတယ်။ ကျနော်ကတော့ ဇာတ်ကားတွေ ကြည့်လေ့မရှိတာကြောင့် ရုပ်ရှင်ဘက်မှာ ဘယ်လိုနေမလဲမသိပေမယ့် ဂီတဘက်မှာတော့ အမှတ်ပေးမိပါတယ်။ သူတစ်ယောက်တည်းရေးတဲ့ Madi ရဲ့ အယ်လ်ဘမ်အသစ်ကိုလည်း မျှော်နေမိပါတယ်။ User-contributed text is available under the Creative Commons By-SA License; additional terms may apply.